Friday, 4 June 2010
ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ၊၁- အမေရိကန် ပြည်ထောင်စုအစိုးရနှင့် မြန်မာနိုင်ငံ တည်ဆဲအစိုးရတို့အကြား ထိပ်တိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကို နယူးယောက်မြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့၌ ပြုလုပ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါဆွေးနွေးမှုတွင် အမေရိကန် အစိုးရဘက်မှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် ဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကလည်းကောင်း၊ မြန်မာအစိုးရဘက်မှာ အလုပ်သမားဝန်ကြီး ဌာန၀န်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ကလည်းကောင်း နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေး ကိစ္စများကို ညှိနှိုင်းကြကြောင်းကို ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရကန်-မြန်မာ ထိပ်တိုက်ဆွေးနွေးပွဲနှင့် ပတ်သက်၍ နိုင်ငံတကာသတင်း မီဒီယာများနှင့် နိုင်ငံရေးအသိုက်အ၀န်းများက အထူးစိတ်ဝင်စားလျှက်ရှိကြောင်း The Washington Post သတင်း၌ဖော်ပြထားသည်။
at 07:01 Posted by zawminhtwe
0 comments